Web Solution Services in Myanmar | eTrade Myanmar

Qualified Team ofProgrammers and Developers

Professional & High-qualityWeb Development Services

Qualified Team ofProgrammers and Developers

Professional & High-qualityWeb Development Services

Our Services

Web Development

ယှဉ်ပြိုင်မှုများတဲ့ Digital ခေတ်ကြီးထဲမှာ သင့်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ရောင်းအားပို တက်စေဖို့ Online ပေါ်မှာ ဈေးကွက်ချဲ့ထွင်ဖို့ စဉ်းစားနေပြီလား။ ဒါဆိုရင်တော့ Website တစ်ခု ရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ပြိုင်ဘက်တွေအားလုံးရဲ့ အရှေ့မှာ ရောက်စေဖို့ လူကြီးမင်းတို့ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပေးမယ့် အကောင်းဆုံး Website တွေကို eTrade Myanmar Co., Ltd. ရဲ့ ကျွမ်းကျင်သော ဝါရင့် Web Designer များနဲ့ Web Developer များမှ တာဝန်ယူ ရေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

Domain

Website တစ်ခု ရေးဆွဲတော့မယ်ဆိုရင် မဖြစ်မနေလိုအပ်တာကတော့ ကိုယ်ပိုင် Domain Name ပဲ ဖြစ်ပါတယ်။ သင့်လုပ်ငန်းအမည်၊ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ထင်ဟပ်ပေါ်လွင်စေ မယ့် ကိုယ်ပိုင် Domain Name ကို အသက်သာဆုံးနှုန်းထားနဲ့ eTrade Myanmar Co., Ltd. မှတစ်ဆင့် ရယူလိုက်ပါ။

Hosting

ကိုယ်ပိုင် Domain Name တစ်ခု ရယူပြီးပြီဆိုရင်တော့ လူကြီးမင်းတို့ရဲ့ Website ကို Internet ပေါ်လွှင့်တင်ဖို့အတွက် Web Hosting ဝန်ဆောင်မှုကို ရယူထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လူကြီးမင်းတို့ ရေးဆွဲလိုတဲ့ Website ရဲ့ လိုအပ်ချက်တွေအပေါ်မူတည်ပြီး Hosting Package များကို အသက်သာဆုံးနှုန်းထားနဲ့ eTrade Myanmar Co., Ltd. မှ တစ်ဆင့် ရယူလိုက်ပါ။

Webmail

Gmail ၊ Yahoo Mail တို့လို အခမဲ့ Email တွေ သုံးတာက ကိုယ်ပိုင် Domain Name နဲ့ Email လိပ်စာသုံးတဲ့သူတွေကို ပရော်ဖက်ရှင်နယ်လ်ဆန်မှုမှာ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါဟာ တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်တဲ့အခါ ကိုယ့်အမည်နဲ့ ဖုန်းနံပါတ်ကို စာရွက်လွတ်ပေါ်မှာ ဘောပင်နဲ့ ချရေးပြီးပေးတာနဲ့ ပရော်ဖက်ရှင်နယ်လ်ဆန်တဲ့ လိပ်စာကတ်ကို ထုတ်ပေးတာ ကွာခြားသလို ကွာပါတယ်။ ပရော်ဖက်ရှင်နယ်လ် ဆန်ဆန် ကိုယ်ပိုင် Domain Name နဲ့ Email လိပ်စာ အသုံးပြုချင်တဲ့ လုပ်ငန်းရှင်များအတွက် eTrade Myanmar Co., Ltd. မှ အကောင်းဆုံး ဝန်ဆောင်မှုပေးလျှက် ရှိပါတယ်။

SEO

သင့်ကုမ္ပဏီရဲ့ထုတ်ကုန်၊ ဒါမှမဟုတ် ဝန်ဆောင်မှုတစ်မျိုးမျိုးကို စားသုံးသူတွေက Internet မှာ ရှာကြည့်တဲ့အခါ Search Engine က ဖော်ပြတဲ့ ရလဒ်စာရင်းရဲ့ ထိပ်ဆုံးနားမှာ သင့်ကုမ္ပဏီ ရဲ့အမည်ကို ရှိစေတာက သင့် Website ကို လူတွေ ဝင်ကြည့်စေတဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီလိုဖော်ပြခံရဖို့ ကိုယ့်အမှတ်တံဆိပ်နဲ့ တွဲပြီးသိစေချင်တဲ့ သော့ချက်စကားလုံး Keyword တွေကို စနစ်တကျ စီစဉ်ထည့်သွင်းပြီး ပြုလုပ်ရပါတယ်။ Search Engine က ဖော်ပြတဲ့ ရလဒ်စာရင်းရဲ့ ထိပ်ဆုံးမှာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းတွေ ရှိနေစေဖို့ eTrade Myanmar Co., Ltd. မှ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

Free Consultation

သင်ဟာ Online ပေါ်မှာ ထုတ်ကုန်တွေကို ရောင်းချနေသူပဲဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက် အသေးစိတ်လောက်ကိုပဲ Online မှာ မျှဝေသူပဲဖြစ်ဖြစ် သင့်လုပ်ငန်းအတွက် Website တစ်ခုကတော့ မဖြစ်မနေ ရှိထားသင့်ပါတယ်။ ဖောက်သည်အများစုကလည်း သင့်လုပ်ငန်းကို Internet ပေါ်မှာ ရှာဖွေတဲ့အခါ ရှိနေဖို့ မျှော်လင့်ထားကြပါလိမ့်မယ်။ လူကြီးမင်းတို့အနေနဲ့ Website တစ်ခုရေးဆွဲဖို့ စဉ်းစားနေပြီဆိုရင် တော့ လူကြီးမင်းတို့ရဲ့ ရည်မှန်းချက်များ၊ လိုအပ်ချက်များကို အသေးစိတ်ကအစ သိရှိအောင် ဆွေးနွေးတိုင်ပင်ပြီး လူကြီးမင်းတို့ရဲ့ လုပ်ငန်းများနဲ့ ကိုက်ညီမယ့် Website Plan များကို အခမဲ့ အကြံပြုဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

Why Choose Us

Our Clients