Web Solution Services in Myanmar | eTrade Myanmar

Domain Name ဆိုတာ

Domain Name ဆိုတာက သင့် Website ရဲ့ လိပ်စာပါ။ Browser ရဲ့ URL Bar မှာ ရိုက်ထည့်ပြီး သင့် Website ဆီ လာရောက်လည်ပတ်နိုင်မယ့် လိပ်စာတစ်ခု ဖြစ်ပါတယ်။ အရိုးရှင်းဆုံး ပြောရမယ်ဆိုရင် သင့် Website ဟာ အိမ်ကြီးတစ်လုံး ဆိုပါစို့။ ဒါဆိုရင် သင့် Website ရဲ့ Domain Name က သင့်အိမ်ရဲ့ အိမ်လိပ်စာပဲ ဖြစ်ပါတယ်။ သင့်အိမ်ဆီကို အလည်လာဖို့ သင့်အိမ်လိပ်စာ လိုအပ်ပါတယ်။ ပိုပြီးအသေးစိတ်ကျကျ ရှင်းပြရမယ်ဆိုရင် …

အင်တာနက်ဆိုတာက တစ်ကမ္ဘာလုံးဆိုင်ရာ Cable Network တွေကနေတစ်ဆင့် ကွန်ပျူတာတွေ အချင်းချင်း ချိတ်ဆက်ထားတဲ့ အကြီးစား ကွန်ရက်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ ကွန်ရက်ပေါ်က ကွန်ပျူတာတွေဟာ အချင်းချင်း ဆက်သွယ်နိုင်ပါတယ်။

76cae-domain-name.webp

ဆက်သွယ်ထားကြတဲ့ ကွန်ပျူတာတွေကို ခွဲခြားသိမှတ်ဖို့ ကွန်ပျူတာတိုင်းမှာ သီးခြားသတ်မှတ်ချက်နဲ့ IP Address ရှိပါတယ်။ IP Address ဆိုတာဟာ အင်တာနက်ပေါ်မှာ ကွန်ပျူတာတစ်လုံးကို ခွဲခြားသိမှတ်စေတဲ့ ကိန်းဂဏန်းတွဲ တစ်ခုပဲ ဖြစ်ပါတယ်။ IP address ရဲ့ ပုံစံဟာ 66.249.66.1 ဆိုတာမျိုး ဖြစ်ပါတယ်။

လက်ရှိမှာ ဒီလိုမျိုး IP Address ကို မှတ်မိဖို့က တော်တော်လေး ခက်ခဲလာပါတယ်။ သင်ကြိုက်နှစ်သက်တဲ့ Website တွေဆီကို သွားရောက်ကြည့်ရှုဖို့ အဲဒီလို IP Address တွေကို မှတ်ထားရမယ်လို့ စိတ်ကူးကြည့်ရုံနဲ့ မလွယ်ဘူးဆိုတာ သိနိုင်မှာပါ။

ဒီ ပြဿနာကို ဖြေရှင်းဖို့ Domain Name ကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Website တစ်ခုကို သင် သွားကြည့်ချင်တယ်ဆိုရင် ကိန်းဂဏန်းစဉ်တွဲလိုက်ကြီးကို မှတ်သား ထားစရာ မလိုတော့ပါဘူး။ အဲဒီအစား Browser ရဲ့ Address Bar မှာ သင်သွားကြည့်ချင်တဲ့ Website ရဲ့ Domain Name ကို ရိုက်ထည့်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ဥပမာ - etrademm.com

Share it: