Website တစ်ခု ရေးဆွဲဖို့ အခြေခံ အဆင့် ၄ ဆင့်
သင်ဟာ Online ပေါ်မှာ ထုတ်ကုန်တွေကို ရောင်းချနေသူပဲဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက် အသေးစိတ်ကိုပဲ Online မှာ မျှဝေသူပဲဖြစ်ဖြစ် သင့်လုပ်ငန်းအတွက် Website တစ်ခုကတော့ မဖြစ်မနေ ရှိထားသင့်ပါတယ်။ ဖောက်သည်အများစုက သင့်လုပ်ငန်းကို Internet ပေါ်မှာ ရှာဖွေတဲ့အခါ ရှိနေဖို့ မျှော်လင့်ထားကြပါလိမ့်မယ်။ Website ဆိုတာက HTML Page တွေလို File တွေ၊ Website တည်ဆောက်တဲ့ Software၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအပြင် အခြားအရာများစွာနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Website တစ်ခု တည်ဆောက်တော့မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အခြေခံ အဆင့်လေးဆင့်တော့ မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။
၁။ Domain Name တစ်ခု ရယူပါ။
သင့် Website ရဲ့ Domain Name ဟာ သင့်ရဲ့ထုတ်ကုန်၊ ဒါမှမဟုတ် သင့်ရဲ့ဝန်ဆောင်မှုလုပ်ငန်းကို ထပ်ဟပ်စေတဲ့ အမည်တစ်ခု ဖြစ်သင့်ပါတယ်။ ဒါမှသာ သင့်ဖောက်သည်တွေဟာ Search Engine တွေကနေတစ်ဆင့် သင့်လုပ်ငန်းကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာပါ။ ဖောက်သည်တွေအနေနဲ့ သင့် Domain Name ဟာ သင့်လုပ်ငန်းနာမည်နဲ့ ဆင်တူလိမ့်မယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။ သင့် Domain Name ဟာ သင့် Email လိပ်စာအတွက်လည်း အသုံးပြုမှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ Gmail လို အခမဲ့ Email လိပ်စာတွေကို အသုံးပြုနိုင်ပေမယ့် ကိုယ်ပိုင် Domain Name နဲ့ လုပ်ငန်း Email လိပ်စာကနေ မေးလ်တွေ ပေးပို့တာက ပိုပြီး ပညာရှင်ဆန်ပါတယ်။ သင့်လုပ်ငန်းကို ထင်ဟပ်စေမယ့် Domain Name တစ်ခု ဝယ်ယူတော့မယ်ဆိုရင် ကျွန်တော်တို့ eTrade Myanmar မှ ကူညီဖို့ အဆင်သင့်ရှိနေပါတယ်။
၂။ Website Hosting တစ်ခု ရယူပါ။
Domain Name ဟာ သင့် Website ရဲ့ အိမ်လိပ်စာလို့ပြောလို့ရပြီး Web Hosting ကတော့ သင့် Website တည်ရှိရာ အိမ်ကြီးတစ်အိမ်လို့ ပြောလို့ရပါတယ်။ သင့် Website ထဲက Data File တွေကတော့ အိမ်ထဲမှာ ထည့်သွင်းထားတဲ့ ပရိဘောဂတွေပဲ ဖြစ်ပါတယ်။ Web Hosting ဆိုတာက သင့် Website ရဲ့ File တွေ သိုလှောင်သိမ်းဆည်းထားရာ ကွန်ပျူတာပါပဲ။ ဒီလို ကွန်ပျူတာမျိုးတွေကို Server တွေလို့ ခေါ်ပြီး Hosting ကုမ္ပဏီတွေက ဝန်ဆောင်မှု ပေးပါတယ်။ သင့်အနေနဲ့ Website တစ်ခု ဖန်တီးဖို့ဆိုရင် Domain Name ရော၊ Web Hosting ပါ နှစ်ခုစလုံးရှိထားဖို့ လိုအပ်ပါတယ်။ Domain Name မရှိဘဲ သင့် Website ကို လူတွေ ရှာလို့ ရနိုင်မှာ မဟုတ်သလို Web Hosting မရှိဘဲနဲ့လည်း Website တစ်ခု တည်ဆောက်လို့ ရမှာ မဟုတ်ပါဘူး။ Website တစ်ခု တည်ဆောက်ဖို့ Hosting ဝယ်ယူတော့မယ်ဆိုရင် ကျွန်တော်တို့ eTrade Myanmar မှ ကူညီဖို့ အဆင်သင့်ရှိနေပါတယ်။
၃။ Website တည်ဆောက်ပါ။
စံမမှီတဲ့ Website တစ်ခုကြောင့် ဖောက်သည်တွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Website တစ်ခု တည်ဆောက်ဖို့အတွက် ပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးပြီး အကူအညီရယူပါ။ ကိုယ့်ရဲ့ Website ကို Smartphone တွေနဲ့ အခြား Mobile Device တွေပေါ်မှာပါ အလွယ်တကူ အသုံးပြုလို့ရနိုင်အောင် ဒီဇိုင်းဆွဲထားဖို့ လိုအပ်ပါတယ်။ ဒီလိုဖန်တီးပေးထားခြင်းအားဖြင့် Mobile Device အသုံးပြုသူတွေဟာ ဘယ်နေရာရောက်ရောက် Internet အသုံးပြုလို့ရမယ်ဆိုရင် သင့် Website ကို သူတို့ရဲ့ Mobile Device တွေပေါ်ကနေ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး သင့် Website ပေါ်က သတင်းအချက်အလက်တွေဟာ အမြဲလို Update ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Website ထိန်းသိမ်းပြုပြင်မှုအပိုင်းနဲ့ ပတ်သက်လို့လည်း အစကတည်းက သေချာအောင် စီစဉ်ထားသင့် ပါတယ်။ Website Design ရေးဆွဲခြင်း၊ Website တည်ဆောက်ခြင်းတို့အတွက် ကျွန်တော်တို့ eTrade Myanmar မှ ကူညီဖို့ အဆင်သင့်ရှိနေပါတယ်။
၄။ Website ပေါ် တင်မယ့် အကြောင်းအရာတွေကို ပြင်ဆင်ပါ။
Website ပေါ်မှာ တင်ဖို့ အကြောင်းအရာတွေ၊ သတင်းအချက်အလက်တွေ ပြင်ဆင်တော့မယ်ဆိုရင် ဖောက်သည်တွေကို သင် ပြောပြချင်တာထက် ဖောက်သည်တွေအနေနဲ့ ဘာတွေ သိချင်ကြမလဲဆိုတာကို အရင် စဉ်းစားပါ။ သင့်အနေနဲ့ ဖောက်သည်တွေကို သင့် Website ပေါ်ကနေတစ်ဆင့် ဘာလုပ်စေချင်တာလဲဆိုတာ စဉ်းစားပါ။ ဒီလိုစဉ်းစားခြင်းအားဖြင့် သင့် Website ထဲမှာ ဘယ်လိုအခန်းကဏ္ဍတွေ၊ ဘယ်လိုအကြောင်းအရာ တွေနဲ့ ဘယ်လိုစာမျက်နှာတွေ ထည့်သွင်းရမလဲဆိုတာ သိရှိဖို့ အကူအညီပေးပါလိမ့်မယ်။ ဖောက်သည်တွေက ဘယ်လိုသတင်းအချက်အလက်မျိုး သိရှိချင်သလဲဆိုတာ စဉ်းစားပြီးရင် သူတို့သိချင်တဲ့အကြောင်းအရာတွေကို အလွယ်တကူရှာဖွေနိုင်အောင်လည်း သင့်အနေနဲ့ ဖန်တီးပေးထားရပါမယ်။
ကောင်းမွန်စွာဒီဇိုင်းရေးဆွဲ တည်ဆောက်ထားပြီး အသုံးပြုရလွယ်ကူတဲ့ Website တစ်ခုဟာ သင့်လုပ်ငန်းကို ပြိုင်ဘက်တွေကြား ပေါ်လွင်စေဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။ Website ပေါ်မှာ သင့်လုပ်ငန်းနဲ့ ပတ်သက်ဆက်နွယ်ပြီး သင့်တော်တဲ့ အကြောင်းအရာတွေနဲ့ ဓာတ်ပုံတွေ ရှိခြင်းအားဖြင့် သင့်ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေအကြောင်းကို ဖောက်သည်တွေဟာ အလွယ်တကူ သိရှိနားလည်ပြီး သင့်ဆီကနေ စိတ်ကျေနပ်စွာ ဝယ်ယူအားပေးတာမျိုးအထိ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဒါကြောင့် Website ပေါ်မှာ တင်မယ့် အချက်အလက်တွေ၊ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို သေချာ ဂရုစိုက်ပြီး ပြင်ဆင်သင့်ပါတယ်။